အီတလီမှာ မီးတောင်ပေါက် ၊ ခရီးသည်တွေ အသက်လုပြေးခဲ့ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီတလီမှာ မီးတောင်ပေါက် ၊ ခရီးသည်တွေ အသက်လုပြေးခဲ့ရ



ဇွန် - ၃ ( အင်္ဂါနေ့ ) 

ဥရောပရဲ့ အကြီးဆုံးနှင့် အလှုတ်ရှားဆုံး မီးတောင်ဖြစ်သည့် အတ္တနာ မီးတောင်သည် မနေ့က ပေါက်ကွဲခဲ့ပြီး ကမ္ဘာလှည့်ခရီးသည် ဒါဇင်ပေါင်းများစွာ အဆိုပါဒေသမှ ထွက်ပြေးခဲ့ကြရပါတယ်။  အီတလီအမျိုးသား ဘူမိရူပဗေဒနှင့် မီးတောင်ဗေဒသိပ္ပံ (INGV) က မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်၏ အရှေ့တောင်ဘက် မီးတောင်ဝတွင် တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။  

အကြံပေးစင်တာ ရဲ့ အဆိုအရ ချော်ရည်များနှင့် မီးတောင်ပြာများ သည် အမြင့်ပေ ၆၄၀၀ မီတာ (၄ မိုင်ခန့်) သို့ ရောက်ရှိသွားကြောင်း သိရပါတယ်။ လေကြောင်း အာဏာပိုင်များက ဒေသတွင်း ပြေးဆွဲနေသည့် ပျံသန်းမှုများအတွက် “ကုဒ်အနီ” သတိပေးချက် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် လိမ္မော်ရောင်သို့ အဆင့်လျှော့ချခဲ့ပါတယ်။ မီးတောင်တိမ်တိုက်ကြောင့် လေယာဉ်ခရီးစဉ်အချို့ နှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရပါတယ်။ 

တောင်တက်သမားများနှင့် လာရောက်ကြည့်ရှုသူများ ရိုက်ကူးထားသည့် ဗီဒီယိုများတွင် တောင်စောင်းမှ အနက်ရောင်မီးခိုးများ မှုတ်ထုတ်နေချိန်တွင် ကြောက်ရွံ့ထိတ်လန့်နေသည့် ခရီးသွားများ ပြေးဆင်းလာကြသည်ကို မြင်တွေ့ကြရပါတယ်။ မီးတောင်ပေါက်ကွဲချိန်တွင် ကမ္ဘာလှည့်ခရီးသည် ၄၀ ခန့်ရှိကြောင်း မီဒီယာများက ဖော်ပြသော်လည်း ၎င်းတို့အားလုံးကို အဆိုပါဧရိယာမှ ဘေးကင်းစွာ ထွက်ခွာသွားပုံရပါတယ်။ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုမရှိကြောင်း သိရပါတယ်။

INGV မှ မီးတောင် ပညာရှင် များက အဆိုပါ လှုပ်ရှားမှုသည် မီးတောင် အောက် ၂.၇ ကီလိုမီတာ အကွာတွင် ရှိသော ပြင်းထန်သော မီးတောင် တုန်ခါမှုမှ စတင်ခဲ့ကြောင်း သိရပါတယ်။ ချော်ရည်များ ပန်းထွက်မှု မတိုင်မီ နာရီအတော်ကြာသည်အထိ တုန်ခါမှု ပိုမိုပြင်းထန်လာကြောင်း နဲ့ ပေါက်ကွဲမှုက ဒေသတွင်း၌ အားနည်းတဲ့ ငလျင်လှုပ်ခတ်မှု ရက်သတ္တပတ်များအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ 

ပေါက်ကွဲမှု၏ သဘောသဘာဝအရ မီးတောင်မှ စီးဆင်းလာသော ပစ္စည်းများသည် တောင်ရဲ့ အမြင့်ပေ ၂၈၀၀ မီတာခန့် သို့သာ ရောက်ရှိတဲ့ အတွက်ကြောင့် တောင်တက်သမားများ မကြာခဏ လည်ပတ်လေ့ရှိသည့် လိုင်းယွန်းဗယ်လီ ဧရိယာသို့ မရောက်ရှိခဲ့ပေ။ အာဏာပိုင်များက ချော်ရည်တွေကြောင့်  လက်ရှိနေထိုင်သူများ အတွက် အန္တရာယ်မရှိဟု ဆိုပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)