Pages

Pages

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒို၊ ဘောလုံးနှင့် ခြင်းလုံးအားကစားပြိုင်ပွဲများ ပဲခူးမြို့တွင် အိမ်ရှင်အဖြစ် ကျင်းပမည်




ပဲခူး၊ ဇွန် ၁

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒို၊ ဘောလုံးနှင့် ခြင်းလုံးအားကစားပြိုင်ပွဲများ ပဲခူးမြို့တွင် အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို၊ ဘောလုံးနှင့် ခြင်းလုံးအားကစားပြိုင်ပွဲများ ပဲခူးမြို့တွင် အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ၂၉-၅-၂၀၂၅ ရက်နေ့က ကျင်းပခဲ့ရာ  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် က နှုတ်ခွန်းဆက်စကားပြောကြားသည်။

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က အိမ်ရှင်အဖြစ်အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြပြီး အုပ်ချုပ်မှုကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆွေးနွေးတင်ပြကြရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment