Pages

▼

Pages

▼

သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ



သံတောင်ကြီး  ၊ ဇွန် ၃၀


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်အား  သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။


ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး နော်နီလာအေးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး  နော်မေရီ (Book Club) အဖွဲ့ဝင်က စာအုပ်ပါ အကြောင်းအရာ ခေါင်းစဉ်ငယ်များဖြစ်သည့် လမ်းလျှောက်ထွက်ကြမယ်၊ သိုက်မြုံမှခွာသောအခါ၊ လျှို့ဝှက်ဆန်းကြယ်လပြည့်ညဝယ်၊ မျှော်လင့်ချက်၊ လူတန်းစားအလွှာမခြားနားစေရန် စသည့် အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့သည်။


ဆက်လက်ပြီး  (Youth  Club) အဖွဲ့ဝင် နော်ကလိုမူးက ရှင်သန်တိုးပွားချစ်ခြင်းတရား စွန့်စားမှုဆီသို့ခြေတစ်လှမ်း၊ နာမည်တော်မရှိတဲ့သူရယ်၊ ခဏလောက်စောင့်ပါအုံး၊ အမှတ်တရအချိန်များ စသည့် အကြောင်းအရာများ ဖတ်ကြားဆွေေးနွေးပြီး တက်ရောက်လာသော ( Book   Club / Youth Club) အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ စာရေးဆရာ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်ဖတ်ရှုခြင်းဖြင့် ချစ်မေတ္တာ တရားအရေးပါပုံ၊  စွန့်စားခြင်းဖြင့် ရရှိသည့် အကျိုးရလဒ်များ၊ လူတန်းစာမရွေး ပေါင်းသင်းဆက်ဆံတတ်စေရန် စသည့်အကျိုးကျေးဇူးများရရှိစေကြောင်း သိရသည်။


နော်နော်မူ

https://t.me/MyanmarNationalPost

No comments:

Post a Comment