Pages

▼

Pages

▼

သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်




ကြံခင်း၊ ဇွန်  ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊နယ်မြေရဲစခန်းနှင့်ရဲကင်း တို့တွင် ယနေ့ နံနက်ပိုင်းက  သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး လှခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ (အတွင်းရေးမှူး) ဒေါ်ကြည်ကြည်အေး ၊မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ဆရာဝန်ကြီး ‌ဒေါက်တာ လှထွန်းဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝင်းရှိ ရေတွင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ နေအိမ်လိုင်းခန်းများရှိ ဘုရားညောင်ရေအိုးများနှင့် ရေအိုး၊ ရေခွက်များအား ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ မြို့မရဲစခန်းရှိ အချုပ်ခန်းနှင့် လိုင်းခန်းများရှိ ရေလှောင်ကန်များ အား အဘိတ်ဆေးခတ်ခြင်း၊ ဘက်ရဲနယ်မြေရဲစခန်း တွင် တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးအိအိထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဆိတ်သာရဲကင်းစခန်းတွင် တိုက်နယ်ဆရာဝန် ဒေါက်တာ စောသာဆဲနှင့်ကျန်းမာရေးဝန်ထမ်းများက ရဲတပ်ဖွဲ့ဝင်မိသားစုများနှင့်ပူးပေါင်းလျက် ရေတွင်း၊ရေကန်၊ရေ အိုး၊ဘုရားပန်းအိုး၊ ရေဝင်နေသော ကားတာယာဟောင်းနှင့် ရေအိုင်ခွက်များအား ဖုံး၊သွန်၊လဲ၊စစ်ဆေးခြင်းနှင့်အဘိတ်ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment