Pages

Pages

မော်လမြိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ




မော်လမြိုင် ၊  ဇွန် ၃


၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်မှ စတင်ကာ မြို့နယ်အသီးသီး၌ ဖွင့်လှစ်လျက်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၁၄၆) ကျောင်းဖွင့်လှစ်ရာ ကျောင်းသို့ လာရောက်ပညာသင်ယူသည့် ကျောင်းသား၊ ကျောင်းသူ (၅၄၁၃၂) ဦး ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ပညာရေးဌာနနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment