Pages

▼

Pages

▼

ရုရှားနိုင်ငံ ကားစ်ဒေသကို ပြန်လည်တည်ဆောက်ဖို့ မြောက်ကိုရီးယားက အလုပ်သမား ထောင်နဲ့ချီ စေလွှတ်





ဇွန် - ၁၈ ( ဗုဒ္ဓဟူးနေ့ ) 

ရုရှားနိုင်ငံ ကားစ် ဒေသကို ပြန်လည်တည်ဆောက်ရာမှာ ကူညီဖို့ စစ်ဘက်ဝန်ထမ်း ၆၀၀၀ နဲ့ အင်ဂျင်နီယာတွေကို မြောက်ကိုရီးယားက စေလွှတ်မှာ ဖြစ်တယ်လို့ မော်စကိုရဲ့ လုံခြုံရေး ထိပ်တန်းအရာရှိက ပြောပါတယ်။

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂျီရွှိုက်ဂူ က ရုရှားသမ္မတ ဗလာဒီမာပူတင် ရဲ့ ညွှန်ကြားချက်ဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကို ယခုလအတွင်း ပြုံယမ်းသို့ ဒုတိယအကြိမ်အဖြစ် လာရောက်တွေ့ဆုံခဲ့ပြီးနောက် အင်္ဂါနေ့က ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

ကင်ဂျုံအန်သည် ရုရှားပိုင်နက်အတွင်း မိုင်းရှင်းလင်းရန် စစ်သား ၁၀၀၀ နှင့် ယူကရိန်း သိမ်းပိုက်ထားစဉ်က ပျက်စီးသွားသော အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရန်အတွက် စစ်ဘက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်သား ၅၀၀၀ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ရွှိုက်ဂူ က ရုရှားနိုင်ငံပိုင်မီဒီယာ TASS ကို ပြောခဲ့ပါတယ်။ 

လုပ်သားစေလွှတ်မှုသည် "ကိုရီးယားပြည်သူများနှင့် ခေါင်းဆောင် ကင်ဂျုံအန် တို့၏ ရုရှားနိုင်ငံအတွက် ညီရင်းအစ်ကို အကူအညီဖြစ်ပါတယ်" လို့ ၎င်း က ပြောကြားခဲ့ပါတယ်။ ကားစ်ဒေသကို ယူကရိန်းလက်ထဲကနေ ရုရှားက ပြန်လည်ရယူဖို့အတွက် မြောက်ကိုရီးယား စစ်သား ၁၄၀၀၀ ကျော်ပါဝင်ခဲ့ကြောင်း သိရပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment