Pages

▼

Pages

▼

ဆာဘီးယားက ဆန္ဒပြပွဲတွေကို ရဲတွေက သည်းမခံနိုင်တော့ဘူး လို့ သတိပေးပြီ


ဇွန် - ၃၀ ( တနင်္လာနေ့ ) 

ဆားဘီးယားနိုင်ငံ၌ ရွေးကောက်ပွဲအသစ်ကျင်းပရန် ကြီးမားသောလူထုစုဝေးမှုအပြီး တနင်္ဂနွေနေ့ညနေပိုင်းတွင် ဘဲလ်ဂိတ်မြို့နဲ့ နိုဗီဆစ်မြို့တွေမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူများသည် အတားအဆီးများ စိုက်ထူခဲ့ကြပါတယ်။ 

မနေ့ညက မြို့တော်မှာ ဆန္ဒပြသူတွေနဲ့ ရဲအရာရှိတွေနဲ့ ထိပ်တိုက်တွေ့ပြီးနောက် နောက်ထပ်ဆူပူအုံကြွမှုတွေကို လုပ်လာရင် သည်းမခံနိုင်တော့ဘူးလို့ ပွဲစီစဉ်သူတွေကို ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

ပြီးခဲ့သောနိုဝင်ဘာလက Novi Sad ရှိ အသစ်မွမ်းမံထားသော မီးရထားဘူတာရုံတစ်ခု၌ ကွန်ကရစ်အကာအရံ ပြိုကျပြီးလူ ၁၆ဦးသေဆုံးသွားတာနဲ့ ပတ်သက်လို့ အစိုးရပိုင်းက ပွင့်လင်းမြင်သာမှု မရှိဘူးလို့ဆိုကာ ကျောင်းသားများဦးဆောင်တဲ့ ဆန္ဒပြလှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူများက စီမံခန့်ခွဲခြင်း လွဲမှားမှုနှင့် အကျင့်ပျက်ခြစားမှုများအပေါ် အပြစ်ပုံချကာ တာဝန်ခံမှုကို တောင်းဆိုခဲ့ကြပါတယ်။ 

တနင်္ဂနွေနေ့တွင် ကျောင်းသားအဖွဲ့ ဘလိုကာဒါဖွန် က ဘဲလ်ဂိတ်မြို့ ရှိ လမ်းပိတ်ဆို့မှုများမြေပုံကို ထုတ်ပြန်ခဲ့ပြီး ပါလီမန်အစည်းအဝေးများကို သပိတ်မှောက်ရန် အတိုက်အခံလွှတ်တော်အမတ်များကို တိုက်တွန်းခဲ့ပါတယ်။ 

သမ္မတ အလက်ဆန်ဒါဗူစစ် ကတော့ ဆန္ဒပြသူတွေကို နိုင်ငံခြား အထောက်အပံ့ခံတွေ၊ ဆာဘီးယား.ကို အကြမ်းဖက်မှုနဲ့ အနိုင်ယူလို့မရဘူး ဆိုပြီး ပြောထားပါတယ်။ သူ့ကို ရာထူးကနှုတ်ထွက်ပေးဖို့ တောင်းဆိုတာရယ်၊ ရွေးကောက်ပွဲ အသစ်ပြန်လုပ်ပေးဖို့ တောင်းဆိုထားတာတွေကို မလုပ်ပေး နိုင်ဘူးလို့ ငြင်းဆန်ထားပါတယ်။ 

ပြည်ထဲရေးဝန်ကြီး အိုင်ဗာကာ ဒါစစ် က ဆန္ဒပြသူများအား “ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာ ရဲတပ်ဖွဲ့နှင့် ပဋိပက္ခများဖြစ်အောင် မနှိုးဆော်ရန်” တိုက်တွန်းခဲ့ပါတယ်။ တက္ကသိုလ်နယ်မြေများကို တိုက်ခိုက်ရန် စီစဉ်သည်ဟု သံသယရှိသူ ရှစ်ဦးကို အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဘဲလ်ဂိတ်မြို့လယ်တွင် အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် လူ ၇၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဝန်ကြီး ရဲ့ သီးခြားထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 


Ref : RT

https://t.me/MyanmarNationalPost

No comments:

Post a Comment