Pages

▼

Pages

▼

ကြံခင်းမြို့၌ ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ သတ္တမနေ့ (ပထမကြီးတန်း) ဘာသာပြန် ဘာသာအား ဆက်လက်ဖြေဆို






ကြံခင်း၊ ဇွန် ၁၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲ သတ္တမနေ့ကို ယနေ့ မွန်းတည့် ၁၂ နာရီက ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ရွှေညောင်ပင်ကျောင်းတိုက်စာဖြေဌာန၊ ပညာဆီးမီးဓမ္မာရုံတွင် (ပထမကြီးတန်း) ဘာသာပြန်ဘာသာ အား ဖြေဆိုလျက်ရှိသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲ နောက်ဆုံးရက် သတ္တမနေ့တွင် (ပထမကြီးတန်း) ဘာသာပြန် ဘာသာရပ်အား ရဟန်း၊ သာမ‌ဏေများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး မြို့နယ်သံဃာနာယက အဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယမနှင့်အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ် ဆရာတော်ကြီး များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး၊ ဆရာတော်ကြီးများနှင့် စာဖြေ ရဟန်း၊ သာမ‌ဏေများအား ဆွမ်း၊ အချိုရည်၊ ရေသန့်များ အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင် များ၊ လူမှုရေးအသင်းအဖွဲ့များက နေ့စဉ်လှူဒါန်းဆက်ကပ်ကြသည်။ ဆရာတော်၊ ရဟန်း၊ သာမဏေ များ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့က အနီးကပ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment