Pages

▼

Pages

▼

ကမာရွတ်မြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်


ရန်ကုန်၊ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ကွင်းဆင်း ဆောင်ရွက်‌ခြင်းကို ယမန့်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကမာရွတ်မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ ၀န်ထမ်းများက ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့်  e ID အထစမှ ထုတ်ယူရရှိသည့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အခြေပြု၍ အိမ်အရောက် ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုအား ကမာရွတ်မြို့နယ်အတွင်းရှိ အမှတ်(၇)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment