Pages

▼

Pages

▼

ပေါင်မြို့နယ်၌ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ နှင့် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ






ပေါင်၊ ဇွန် ၁၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ နိုင်ငံတော်မှ ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့်   ၂၀၂၄ ခုနှစ်၊ စာအောင် သံဃာတော်များအား ဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့က၊ ကဒါရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယကဆရာတော် ဘဒ္ဒန္တစ‌န္ဒောဘာသနှင့် ပင့်ဖိတ်ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ စာအောင်သံဃာတော်များနှင့် စာအောင်သီလရှင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပေးကာ မြို့နယ်သံဃနာယကဆရာတော် ဘဒ္ဒန္တစ‌န္ဒောဘာသ က ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဩဝါဒကထာ ချီးမြှင့်ပေးသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူတို့က ဘွဲ့တံတဆိပ်တော်များနှင့် နဝကမ္မဝတ္ထုငွေ များဆပ်ကပ်လှူဒါန်းပေးခဲ့ပြီး ၂၀၂၄ ခုနှစ်စာအောင်သံဃာတော် ပထမကြီးတန်းအောင် (၁) ပါး၊ ပထမလတ်တန်း အောင် (၄) ပါး၊ ပထမငယ်တန်းအောင် (၂၀) ပါး၊ အခြေပြုမူလတန်းအောင် (၇၀)ပါး၊ စုစုပေါင်း (၉၅) ပါးတို့အား ဘွဲ့တံဆိပ်နှင့်ဆုများ ဆက်ကပ်လှူဒါန်းပေးပြီး လှူဒါန်းမှုအစုစုအတွက်  ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment