Pages

Pages

သတ်သေခွင့် ရဖို့အတွက် ယူကေ အမတ်တွေ မဲခွဲဆုံးဖြတ်



ဇွန် - ၂၃ ( တနင်္ဂနွေနေ့ ) 

ပါလီမန်တွင် သဘောထားကွဲလွဲနေသော အခြေအတင်ဆွေးနွေးမှုအပြီးတွင် နာမကျန်းဖြစ်နေသော အရွယ်ရောက်ပြီးသူများ သေဆုံးခြင်းအား တရားဝင်ခွင့်ပြုရန် ဗြိတိန်လွှတ်တော်အမတ်များက မဲခွဲ ဆုံးဖြတ် ခဲ့ကြပါတယ်။ အဆိုပါ ဥပဒေကြမ်းအား အောက်လွှတ်တော်တွင် ၃၁၄ မဲမှ ၂၉၁ မဲဖြင့် အတည်ပြုခဲ့ပြီး ယခုအခါ ထပ်မံစိစစ်ရန်အတွက် အထက်လွှတ်တော်သို့ ပြောင်းရွှေ့မည်ဖြစ်ပါတယ်။ ဥပဒေအတည်ပြုပါက ဗြိတိန်သည် တင်းကျပ်စွာ ထိန်းချုပ်ထားသော အခြေအနေများအောက်တွင် ကိုယ့်ကိုယ်ကို သတ်သေမဲ့သူများကို ကူညီထောက်ပံ့မှုများ ခွင့်ပြုရန် လူဦးရေအများဆုံးနိုင်ငံဖြစ်လာမည်ဖြစ်ပါတယ်။ 

ဥပဒေကြမ်းအရ ကျန်းမာရေး အခြေအနေ ဆိုးရွားသော အရွယ်ရောက်ပြီးသူများအနေနဲ့ ရောဂါခံစားရတာ  နှင့် သက်တမ်းခြောက်လ သို့ကျော်လာပါက စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ များနဲ့ တိုင်ပင်ပြီးနောက် သတ်သေခွင့် တောင်း ဆိုနိုင်တယ်လို့ သိရပါတယ်။ 

အမှီအခိုကင်းသော ဆရာဝန်နှစ်ဦးထံမှ ခွင့်ပြုချက်၊ ပြန်လည်သုံးသပ်ရေးအဖွဲ့မှ ကြီးကြပ်ကွပ်ကဲခြင်း ၊ သတ်မှတ်ထားသော ပစ္စည်းကို ကိုယ်တိုင် စီမံခန့်ခွဲခြင်း တို့လည်း ပါဝင်ပါတယ်။ 


REF: News 18

https://t.me/MyanmarNationalPost

No comments:

Post a Comment