Pages

▼

Pages

▼

မြောက်ဥက္ကလာပမြို့နယ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက် ဖြေဆိုလျက်ရှိ



မြောက်ဥက္ကလာပ၊ ဇွန်  ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ဖြေဆိုခြင်းကိုဆုတောင်းပြည့်မယ်လမုသုံးထပ်ဆောင် သာသနာ့ဗိမာန် တော်ကြီးတွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ဘာသာရပ်အလိုက် အုပ်စုများခွဲ၍ ဆက်လက်ဖြေဆိုလျက်ရှိသည်။

မြောက်ဥက္ကလာပစာစစ်ဌာနတွင် ယနေ့ ဇွန်လ ၈ ရက်နေ့ အစိုးရပါဠိပထမပြန်စာမေးပွဲကို ရဟန်း၊ သာမဏေ၊ သီလရှင် ၊လူ   စာရင်းရှိ  ၄၂၂ ပါး စာရင်း ပေးသွင်းထားရာ  ၃၅၀  ပါး ဖြေဆိုခဲ့ပြီး ၇၂ ပါး ပျက်ကွက်ခဲ့ ကြောင်း မြို့နယ်သာသနာရေးမှူး ရုံးမှသိရသည်။အဆိုပါ အစိုးရ ပါဠိပထမပြန် စာမေးပွဲများ အဆင်ပြေချောမွေ့စွာ‌ ဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီးဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းမြင့်  နှင့်  အဖွဲ့၀င်များ  ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ နှင့်  တာ၀န်ရှိသူများ ကလိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးပြီး ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။ 


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment