Pages

▼

Pages

▼

အမေရိကန် နဲ့ နျူကလီးယားကိစ္စ မဆွေးနွေးနိုင်တော့ဘူးလို့ အီရန်ဘက်က ဆို



ဇွန် - ၁၄ ( စနေနေ့ ) 

သောကြာနေ့မနက်အစောပိုင်းမှာ အစ္စရေးက အီရန်နိုင်ငံရဲ့ပစ်မှတ် အများအပြားကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်က အမေရိကန်နဲ့ နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုတွေကနေ နုတ်ထွက်လိုက်ပြီလို့ ပြောပါတယ်။ အီရန်နိုင်ငံပိုင် မီဒီယာနှင့် အိုမန်သတင်းအေဂျင်စီတို့က ဆွေးနွေးပွဲများကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားကြောင်း ဆိုသွားပါတယ်။ 

ထရမ့်အစိုးရက အီရန်နဲ့ နျူကလီးယားအစီအစဉ်ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ရရှိဖို့ လုပ်ဆောင်နေချိန်တွင် အစ္စရေးက လေကြောင်းကနေ လာဗုံးကျဲလို့ တနင်္ဂနွေနေ့မှာ လုပ်မယ့် ၆ကြိမ်မြောက် နျူကလီးယားဆွေးနွေးပွဲ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်ပါတယ်။ အီရန်အစိုးရပိုင်မီဒီယာက “အီရန်က အကြီးတန်း အရာရှိတွေနဲ့ နျူကလီးယားအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအပြီးမှာ ကျနော်တို့က ဆွေးနွေးပွဲ ကို ဆက်မလုပ်နိုင်တော့ပါဘူး” လို့ ကြေညာခဲ့ပါတယ်။  

အစ္စရေးက အီရန်ကို ကျယ်ကျယ်ပြန့်ပြန့်တိုက်ခိုက်ပြီးတာတောင်မှ ထရမ့်အစိုးရအဖွဲ့ကတော့ အီရန်ခေါင်းဆောင်တွေကို နျူ့ဆိုင်ရာသဘောတူညီချက် တစ်ခုခုရဖို့အတွက် ဆက်လက်တောင်းဆိုမှုတွေကို လုပ်နေဆဲဖြစ်ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment