ကြံခင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြတ်ရတနာ ဓမ္မာစကူးလ်သင်တန်း ပဥ္စမအကြိမ်မြောက် ဖွင့်လှစ်နိုင်​​ရေး အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြတ်ရတနာ ဓမ္မာစကူးလ်သင်တန်း ပဥ္စမအကြိမ်မြောက် ဖွင့်လှစ်နိုင်​​ရေး အစည်းအဝေးပြုလုပ်





ကြံခင်း၊ ဇွန်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြို့မရပ်ကွက်၊ စာချကျောင်းတိုက်၊ ဓမ္မရက္ခိတဓမ္မာရုံ တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြတ်ရတနာ ဓမ္မာစကူးလ်သင်တန်း ပဥ္စမ အကြိမ်မြောက် ဖွင့်လှစ်နိုင်​​ရေး အစည်းအဝေး ပြုလုပ်ခဲ့ရာ စာချကျောင်းတိုက်ဆရာတော်၊ ဓမ္မစကူးလ် ကော်မတီအကျိုးတော်ဆောင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြတ်ရတနာ ဓမ္မစကူးလ်ကျောင်း ဦးစီးနာယကဆရာတော် ဦးဝိစိတ္တက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ သင်တန်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ဝိုင်းဝန်းကူညီကြမှသာ ဓမ္မစကူးလ်သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်မှာဖြစ်ကြောင်း၊ သင်တန်း ဖွင့်လှစ်ခြင်းဖြင့် သားသမီးရတနာများ အသိပညာလိမ္မာ တိုးပွားလာခြင်း၊ ကာယကံ ယဉ်ကျေးလာ ခြင်း၊ ဘာသာရေးကို သိတတ် လိုက်နာတတ် ဆောင်ရွက်တတ်လာခြင်း တို့ဖြစ်လာမည်ဖြစ်ကြောင်း၊ ကော်မတီများဝင်များနှင့် မိဘများက သားသမီးရတနာများ သင်တန်းတက်ရောက်နိုင်ရေး တိုက်တွန်း စေလွှတ်ကြရန်နှင့် အဟာရဒါနများ ကျွေးမွေးနိုင်ရေး အလှူရှင်များ ရရှိအောင် စည်းရုံးသွားကြရန် ဩဝါဒစကားမြွတ်ကြားခဲ့သည်။ 

ထို့နောက် ဓမ္မစကူးလ်ကော်မတီအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အတွင်းရေးမှူး ဦးမြတ်ထွန်းတို့က သင်တန်းဖွင့်လှစ်ရာတွင် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များအား လျှောက်ထားဆွေးနွေးပြီး တက်ရောက်လာကြသော ကော်မတီဝင်များ၊ သင်တန်းနည်ပြ ဆရာ၊ ဆရာမများနှင့် မိဘများက အသီးသီးဆွေးနွေး လျှောက်ထားကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

အဆိုပါသင်တန်းကို ဇွန်လ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေများနှင့် ဝါတွင်းကာလများ တွင် ဥပုသ်နေ့များတွင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြတ်ရတနာဓမ္မစကူးလ်ကော်မတီ ထံမှသိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)