Pages

▼

Pages

▼

တရုတ် က အမေရိကန်နဲ့ ဥရောပကို မြေရှားသတ္တုတင်ပို့ခွင့် ပြန်ရသွားပြီ




ဇွန် - ၉ ( တနင်္လာနေ့ ) 

တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံအချို့ထံ မြေရှားသတ္တုများ တင်ပို့ရောင်းချမှု အတည်ပြုချက် ရယူနိုင်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ တို့ ကုန်သွယ်ရေးတင်းမာမှုတွေကို ဖြေလျှော့ပေးဖို့ ကြာသပတေးနေ့မှာ ဖုန်ဆက်ပြောဆိုအပြီး မှာ အခုလိုခွင့်ပြုချက် ရလိုက်တာပဲ ဖြစ်ပါတယ်။  

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရှားပါးသတ္တုများ ထုတ်ယူမှုရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။ အမေရိကန်၊ ဩစတေးလျနှင့် ရုရှားတို့ ကို အဓိက တင်ပို့ပြီး အနည်းစုကိုတော့ ကနေဒါ၊ အိန္ဒိယ၊ တောင်အာဖရိကနှင့် အရှေ့တောင်အာရှတို့ ကို တင်ပို့ပါတယ်။ 

ပထမဆုံး မြေရှားသတ္တုတွင်းထွက်ကို ၁၇၈၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး စီရီယမ်၊ အက်ထရီယမ်၊ သံ၊ ဆီလီကွန်နှင့် အခြားဒြပ်စင်များ ပါဝင်သော အမည်းရောင် သတ္တုဓာတ်တစ်မျိုးဖြစ်သော ဂါဒိုလီနိုက် တို့ပါဝင်ပါတယ်။

မြေရှားသတ္တုများသည် လျှပ်စစ်ကားများနှင့် တိုက်လေယာဉ်များတွင် အသုံးပြုခြင်းအပါအဝင် အမေရိကန်စက်မှုလုပ်ငန်းနှင့် ကာကွယ်ရေးအတွက် အရေးကြီးပါတယ်။ အဓိက ကတော့ ဘတ္ထရီတွေမှာ အသုံးပြုတာပဲ ဖြစ်ပါတယ်။  


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment