Pages

Pages

တီးတိန်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ



တီးတိန်၊ ဇွန် ၁

ချင်းပြည်နယ် တီးတိန်မြို့၌ ပညာရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ၃၀-၅-၂၀၂၅ ရက်နေ့က အမှတ်(၁)အ‌ခြေခံပညာ အထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့သီချင်းသီဆိုကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက အမှာစကား ပြောကြားသည်။

ဆက်လက်၍ ခရိုင်ပညာရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မန်းဂိုးကျိန်က ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြီး တာဝန်ရှိသူများက ပညာရေးဌာနမှ အခမဲ့ပေးအပ်သောကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံတို့အား ကျောင်းသား၊ကျောင်းသူများထံပေးအပ်ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊‌ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment