Pages

▼

Pages

▼

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများပြန်လည်ပြုပြင်နေမှုနှင့် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး





နေပြည်တော်၊ ဇွန် ၁၅

 နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ရာ(၂) မိုးမခလမ်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ မိုးသောက်ပန်းလမ်းသို့သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးကာ မြို့တော်ဝန်က လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခန့်မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ ပြုပြင်နိုင်ရေး၊ လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ရှင်းလင်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့‌ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment