မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလျက်ရှိ








မြောက်ဥက္ကလာပ၊ ဇွန် ၂

 ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာသင်ကျောင်းများကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းစာသင်ကျောင်းအသီးသီး၌ စတင်ဖွင့်လှစ်ရာကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလျက် ရှိကြောင်းသိရသည်။

မြောက်ဥက္ကလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကျောင်းပေါင်း (၆၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၀) ကျောင်း၊ကိုယ် ပိုင်ကျောင်း (၁၉) စုစုပေါင်း ကျောင်းပေါင်း(၉၂)ကျောင်းရှိ ပြီး ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် တစ်မြို့နယ်လုံးစာရင်းရှိ ကျောင်းသား၊ ကျောင်းသူ  ၅၀၆၁၁  ဦးရှိရာ၊ မေလ ၂၂ ရက်မှ စ၍  ယမန်နေ့အထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ  ၄၅၈၇၃ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

အဆိုပါ ကျောင်းအပ်ရာတွင်လည်း ငွေကြေး တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ် စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်းသိရသည်။

 

သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)