Pages

▼

Pages

▼

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး









နေပြည်တော်၊ ဇွန် ၁၂

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာအဆင့်မြင့်ဈေးရှိ သီရိအနော်ရထာလမ်းနှင့် လွှတ်တော်ဝင်းအတွင်းတို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မရေပိုက်လိုင်းများနှင့် ရေပေးရေးပိုက်လိုင်းများ ပြန်လည်ပြုပြင်နေမှုများအားလည်းကောင်း၊ သုခတော်ဝင်အိမ်ရာရှိ သစ္စာလမ်းတွင် လမ်းပျက်စီးမှု ပြန်လည်ပြုပြင်နေမှုများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ဥတ္တရသီရိမြို့နယ်ရှိ မန္တလေးလမ်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး မြို့တော်ဝန်က လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment