Pages

Pages

တောင်ကိုရီးယားမှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပ



ဇွန် - ၃ ( အင်္ဂါနေ့ ) 

သမ္မတဟောင်း ယွန်ဆက်ယို ရဲ့ စစ်အုပ်ချုပ်ရေးမအောင်မြင်မှုကြောင့် နောက်ဆက်တွဲ စွပ်စွဲပြစ်တင်မှုများ ကြောင့် အရေးယူခံရပြီးနောက် တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲအတွက် ထိပ်တန်းကိုယ်စားလှယ်လောင်းများက မနေ့ညနေက အပြီးသတ်မဲဆွယ်မှုများ လုပ်ခဲ့ကြပါတယ်။ 

လစ်ဘရယ် ရှေ့ပြေးပါတီ၊ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း လီဂျေမြောင် ကတော့  အမျိုးသား လွှတ်တော်အနီး ယိုအူဒိုပန်းခြံ မှာ ညနေခင်း လူထုစုဝေးပွဲ လုပ်ခဲ့ပြီး ဆိုးလ်မြို့တော် ဧရိယာ တစ်လျှောက် မှာလည်း စည်းရုံးရေးတွေ ဆင်းခဲ့ပါတယ်။  People Power ပါတီ ရဲ့ ကွန်ဆာဗေးတစ် သမ္မတလောင်း ကင်မွန်းဆူးကလည်း မနေ့က နိုင်ငံအနှံ့ ခရီးလှည့်လည်ကာ ဘူဆန်၊ ဒေဂူးနှင့် ဒေဂျောင်မြို့တို့မှာ ချီတက်ပွဲတွေလုပ်ပြီး  ဆိုးလ်မြို့တော်ခန်းမရှေ့ လူထုစည်းဝေးပွဲ မှာ ခရီးအဆုံး သတ်လိုက်ပါတယ်။  

စစ်တမ်းအများစုမှာတော့ လီက ကင်မ်ထက် သာလွန် နေတယ်ပါတယ်။ နောက်ဆုံး ရထားတဲ့ အွန်လိုင်းစစ်တမ်း ထဲမှာတော့ လီက ၄၉ % နဲ့ ကင်မ်က ၃၅ %ရထားပါတယ်။  သမ္မတဟောင်းယွန်ရဲ့ တုန်လှုပ်ချောက်ချားဖွယ် စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် လွန်ခဲ့သော ခြောက်လတိတိက နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ပြီး တောင်ကိုရီးယားသမ္မတလောင်း နှစ်ဦးစလုံးက ရွေးကောက်ပွဲ ဖြစ်အောင် အားထုတ်ခဲ့ပြီး တိုင်းပြည်ပြန်လည် တည်ငြိမ်အောင် ကြိုးစားခဲ့ကြတာပဲ ဖြစ်ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment