Pages

▼

Pages

▼

လက်ဆာဆန်ဒါ ကျွန်းများတွင် မီးတောင်ပေါက်ကွဲပြီးနောက် အင်ဒိုနီးရှားက အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထား




ဇွန် - ၁၈ ( ဗုဒ္ဓဟူးနေ့ ) 

အင်ဒိုနီးရှားနိုင်ငံ လီဝိုတိုဘီဒေသရှိ လှုပ်ရှားနေတဲ့ လာကီလိုင် မီးတောင်ပေါက်ကွဲမှုကြောင့် ဘာလီကျွန်း အရှေ့ဘက် မိုင် ၄၄၀ အကွာရှိ ဖလိုရီ ကျွန်းတွေအထိ မိုင်ပေါင်းများစွာ မြင့်မားသော ပြာမှုန်များ လွင့်စင်သွားတာကြောင့် ဒေသတွင်း ရေပန်းစားသော ခရီးသွားကျွန်းကို ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းလိုက်ရပါတယ်။ 

ဘူမိဗေဒအေဂျင်စီက ၅၁၉၇ ပေ အမြင့်ရှိ မီးတောင်သည် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၅ မိနစ်တွင် ပေါက်ကွဲခဲ့ကြောင်း ဆိုပါတယ်။ ကျွန်းအထက် ၆.၈ မိုင်အကွာအထိ ပြာပူများနဲ့ ဓာတ်ငွေ့များ ပန်းထွက်ခဲ့ပါတယ်။  အဲ့ဒိဒေသက ကိုမိုဒိုနဂါးများနှင့် အဏ္ဏဝါသက်ရှိများကြောင့် ကျော်ကြားပြီး ရေငုတ်ပြီး ရေအောက်ရှု့ခင်းကို ခံစားလို့ရတဲ့ နာမည်ကြီးနေရာဖြစ်ပါတယ်။ 

ဂျကာတာရှိ ဗဟိုအစိုးရက လက်ရှိအခြေအနေကို နိုင်ငံ၏ အမြင့်ဆုံးသတိပေးချက်အဆင့်တွင် ထားရှိပြီးနောက် ဖလိုရီကျွန်းများ သို့ ခရီးသွားများ မသွားလာရန် တားမြစ်ထားပါတယ်။ မီးတောင် အနီးတစ်ဝိုက်က ရွာ ၂ ရွာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ကျွန်းရဲ့ လေဆိပ်ကိုလည်း ကြာသပတေးနေ့အထိ ပိတ်ထားခဲ့ရပါတယ်။ 

ဒါပေမဲ့ ဘာလီရဲ့ ဒန်ပါဆာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်းနှင့် ဒေသတွင်း လမ်းကြောင်းများအပြင် နိုင်ငံတကာ ခရီးစဉ်များအပါအဝင် အိန္ဒိယ၊ တရုတ်၊ သြစတြေးလျနှင့် နယူးဇီလန်တို့အထိ ပျံသန်းမှုများ ဆက်လက်ရှိနေသေးပါတယ်။ ဘတ်ဂျက်လေကြောင်းလိုင်းများဖြစ်တဲ့ ဂျက်စတား နဲ့ စကု  တို့ကတော့ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ဘာလီသို့ ထွက်ခွာရန် စီစဉ်ထားသော ပျံသန်းမည့် ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး အဲအေးရှားသည် ဂျကာတာသို့ နေ့စဉ်ပျံသန်းမှု အနည်းဆုံး ၃ ကြိမ်မှ တစ်ခုကို ဖျက်သိမ်းခဲ့ပါတယ်။ 


REF - UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment