Pages

▼

Pages

▼

အာဖရိက ကနေ ရုရှား ပုဂ္ဂလိက စစ်တပ်တွေ ပြန်ပြီ


ဇွန် - ၈ ( တနင်္ဂနွေနေ့ ) 

ရုရှားပုဂ္ဂလိကစစ်ဘက်ဆိုင်ရာကုမ္ပဏီ (PMC) ဝဂ်နာ အုပ်စု သည် မာလီတွင် ၎င်း၏ စစ်ဆင်ရေး မစ်ရှင် ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြာသပတေးနေ့တွင် ကြေညာခဲ့ပြီးနောက် ၎င်း၏ တိုက်ခိုက်ရေးသမားများကို အိမ်ပြန်ဖို့အတွက် လုပ်ကိုင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ မာလီနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အာဏာပိုင်များက အာဏာသိမ်းမှု လုပ်ပြီးနောက်မှာ တူအာရက် သူပုန်များနှင့် အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်သော စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ မြင့်တက်လာတဲ့အတွက်ကြောင့် ဝဂ်နာ အဖွဲ့ကို ငှားရမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ဝဂ်နာ စစ်ဆင်ရေးများ က ၂၀၂၁ ခုနှစ်ကတည်းက မာလီနိုင်ငံမှာ လှုပ်ရှားနေခဲ့တယ်လို့ သိရပါတယ်။ 

"ဂီတပညာရှင်များလို့ နာမည်ပြောင်ပေးထားတဲ့ ဝဂ်နာ အဖွဲ့က မာလီမှာ ၃ နှစ်ခွဲကြာ ဒေသခံမာလီလူမျိုးများနှင့် အကြမ်းဖက်ဝါဒကို ပခုံးချင်းယှဉ် တိုက်ခိုက်ခဲ့ပါတယ်" လို့ ဝဂ်နာရဲ့ ကန်ထရိုက်တာတွေက ပြောကြားခဲ့ပါတယ်။  “အရပ်သားတွေကို နှစ်ပေါင်းများစွာ အကြမ်းဖက်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ စစ်သွေးကြွတွေနဲ့ သူတို့ရဲ့ တပ်မှူးတွေကို ကျနော်တို့ ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်”လို့လည်း ဆိုပါတယ်။ 

ဝဂ်နာအဖွဲ့က မာလီမျိုးချစ်များကို "၎င်း၏မြေယာကို ကာကွယ်နိုင်သည့် ကြံ့ခိုင်ပြီး စည်းကမ်းရှိသော စစ်တပ်" ကို တည်ဆောက်ရန် ကူညီပေးခဲ့ကြောင်းနှင့် ဒေသတွင်း မြို့တော်များအားလုံးကို "တရားဝင်အာဏာပိုင်များ၏ ထိန်းချုပ်မှု" သို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့ပါတယ်။ ဝဂ်နာက "မစ်ရှင်ပြီးပါပြီ။ အဖွဲ့တွေကို အိမ်ပြန် ပို့နေပါတယ်” လို့ ဆိုပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost


No comments:

Post a Comment