Pages

Pages

နိုင်ဂျာနိုင်ငံရဲ့ အကြမ်းဖက်မှုတွေကို ပြင်သစ်နဲ့ အနောက်အုပ်စုတွေက ထောက်ပံ့နေတာပါ လို့ ယာယီသမ္မတ ပြောပြီ


ဇွန် - ၃ ( အင်္ဂါနေ့ ) 

နိုင်ဂျာနိုင်ငံ၏ ယာယီသမ္မတ အဘ်ဒူရာဟာမန်နီ တချီရာနီ က နိုင်ဂျာပြည်သူများရဲ့ဆန္ဒကို ဆန့်ကျင်တဲ့ “အုပ်ချုပ်မှုပုံစံသစ်”ကို ချမှတ်ဖို့အတွက် ကြိုးပမ်းနေတာကို ဖျက်လိုဖျက်ဆီး လုပ်ဖို့အတွက် ပြင်သစ်အပါအဝင် အနောက်အင်အားကြီး နိုင်ငံတွေက အကြမ်းဖက်မှုတွေလုပ်ဖို့ လှုံ့ဆော်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ 

သီတင်းပတ်ကုန်က နိုင်ငံပိုင်ရုပ်သံလိုင်း RTN နှင့် အင်တာဗျူးတစ်ခုမှာ ဗိုလ်ချုပ်ကြီး တချီရာနီ က နိုင်ဂျာရဲ့ အိမ်နီးချင်း ဘီနင် နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ နိုင်ဂျာကို တိုက်ခိုက်ရန် ကြံစည်မှုအများအပြား ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။  ၂၀၂၃  ခုနှစ် ဇူလိုင်လတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံအစိုးရများရဲ့  ကျောထောက်နောက်ခံ အစိုးရ ကို နှင်ထုတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

အကြမ်းဖက်အဖွဲ့များဆီကို လက်နက်မှောင်ခိုရောင်းချမှု အပါအဝင် အကြမ်းဖက်မှုတွေ လုပ်ဖို့အတွက် အနောက်အုပ်စုကျောထောက်နောက်ခံ ပြုထားတဲ့ အဖွဲ့တွေက နိုင်ဂျာနဲ့ ချဒ် နိုင်ငံ နယ်စပ်မှာ အစည်းအဝေးများ ပြုလုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။ 

"ပြင်သစ်က ကျနော်တို့နိုင်ငံ မတည်မငြိမ်ဖြစ်စေဖို့ နည်းလမ်းများစွာကို အသုံးပြုခဲ့ပါတယ်။ အစပိုင်းမှာ အမှီအခိုကင်းတဲ့ လှုပ်ရှားမှုတွေဆိုပြီး အဖွဲ့တွေကို နိုင်ငံထဲမှာ စိမ့်ဝင်နေအောင် လုပ်ခဲ့ပါတယ်။ နောက်ပိုင်လည်းကျရော ဂျီဟတ်ဝါဒီတွေနဲ့ အကြမ်းဖက်လှုတ်ရှားမှုတွေကို လုပ်တော့တာပဲ “  လို့ပြောပါတယ်။ 

ပြင်သစ်သမ္မတ အမ္မာနျူရယ် မာခရွန် က အာဖရိကတိုက်ဆိုင်ရာ ပုဂ္ဂိုလ်ရေးသံတမန် ဂျင်မာရီ ဘိုကယ် ကို ဒေသတွင် ပြင်သစ်ဆဲလ်များ တည်ထောင်ခဲ့ပြီး “ဆာဟာရ သြဇာလွှမ်းမိုးမှု" ကို လုပ်ဖို့အတွက် ဉီးဆောင် ခိုင်းခဲ့ပါတယ်။ 

တချီရာနီရဲ့  အီလက်ဆီ နန်းတော်က ဆာဟာရဆဲလ် လို့ခေါ်တဲ့ မဟာမိတ်အဖွဲ့တွေကို နိုင်ဂျာနိုင်ငံ မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ပြီး  "အကန့်အသတ်မရှိသောရန်ပုံငွေ" ဖြင့် ကျောထောက်နောက်ခံပြုထား ခဲ့ပါတယ်။ ပြင်သစ်လျှို့ဝှက်ဝန်ဆောင်မှု (DGSE)၊ သံတမန်များနှင့် ဖရန်ကိုဖိုနီ အေဂျင်စီတို့က အဲ့ဒိလှုတ်ရှားမှုအတွက် စည်းရုံးရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 


Ref: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment