Pages

Pages

ပါလက်စတိုင်းထောက်ခံသူတွေရဲ့ အကြမ်းဖက်မှုတွေက ပိုပိုများလာ


ဇွန် - ၂ ( တနင်္လာနေ့ ) 

မနေ့က ကော်လိုရာဒိုပြည်နယ်က ဘိုလ်ဒါမြို့မှာ အစ္စရေးထောက်ခံသူတွေက စီတန်းလှည့်လည် ဆန္ဒပြကြ တာကို ပါလက်စတိုင်းထောက်ခံသူ တစ်ယောက်က မိုလိုတော့ဗ် ( ပုလင်းဗုံး ) နဲ့ ပစ်ခတ်လို့ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

ဂါဇာက ဟားမတ်တွေကို အစ္စရေးတွေက ထိုးစစ်ဆင်ပြီး တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံ တော်တော် များများမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပြီး အစ္စရေး ထောက်ခံသူတွေနဲ့ ပါလက်စတိုင်းထောက်ခံသူတွေဆိုပြီး ဖြစ်နေပါတယ်။ 

မနေ့ကတော့ အစ္စရေး ထောက်ခံရေး သမားတွေက သံပြိုင်ဟစ်ကြွေးပြီး စီတန်းလှည့်လည်နေတာကို ပါလက်စတိုင်း ထောက်ခံသူက ပါလက်စတိုင်း လွတ်မြောက်ပါစေလို့ အော်ဟစ်ပြီး မိုလိုတော့ဗ် နဲ့ ပစ်လိုက်တာပါ။ ရဲတွေက အချိန်မီဖမ်းဆီးနိုင်တယ်လို့ ဆိုပေမဲ့ ကလေးငယ် ပါဝင်တဲ့ လူအုပ်စုတစ်စုကတော့ မီးလောင်တဲ့ ဒဏ်ကို ခံလိုက်ရပါတယ်။ 

"ကော်လိုရာဒို၊ Boulder ရှိ ပစ်မှတ်ထားသော အကြမ်းဖက်တိုက်ခိုက်မှုကို ကျွန်ုပ်တို့ သိရှိပြီး အပြည့်အဝ စုံစမ်းစစ်ဆေးနေပါတယ်။ ကျွန်ုပ်တို့၏ အေးဂျင့်များနှင့် ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့သည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်ထပ်အချက်အလက်များ ရရှိလာသည်နှင့်အမျှ နောက်ဆုံး သတင်းတွေကို မျှဝေပါမယ်"လို့  FBI ဒါရိုက်တာ ကတ်ရှ် ပါတယ် က အိတ်စ်ဆိုရှယ်မီဒီယာမှာ ရေး တင်ခဲ့ပါတယ်။ 

သံသယရှိသူမှာ အသက် ၄၅ နှစ်အရွယ် မိုဟာမက်ဆာဘရီဆိုလီမန် ဖြစ်သည်။ “ဝမ်းနည်းစရာကောင်းတာက ဒီလိုတိုက်ခိုက်မှုတွေဟာ နိုင်ငံတစ်ဝှမ်းမှာ အဖြစ်များလွန်းပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ပြီးခဲ့သောလကလည်း ဝါရှင်တန်မြို့လယ်ရှိ ဂျူးပြတိုက်အပြင်ဘက်တွင် အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦးကို ပါလက်စတိုင်းလိုလားသောသူတစ်ဦးက ကြွေးကြော်သံများ ကြွေးကြော်ကာ သေနတ်ဖြင့် ပစ်သ-တ်ခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment