Pages

Pages

မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများထုတ် လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း Glacial Acetic Acid ၂၅၅၀၀ လီတာ ဖမ်းဆီးရမိ



နေပြည်တော်၊ ဇွန် ၂၀ 

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ အထောက် အထားမဲ့ သိုလှောင်ထားသည့် Glacial Acetic Acid ၃၀ လီတာစီပါ ပလတ်စတစ်ပုံး ၈၅ဝ ပုံးနှင့် အဆိုပါတရားမဝင်ပစ္စည်းများနှင့်ပါဝင်ပတ်သက်သူ ၅ ဦးတို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်ထားမဲ့သိုလှောင်ထားသည့် Glacial Acetic Acid ၃၀ လီတာစီပါ ပလတ်စတစ်ပုံး ၈၅ဝ ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဓာတုပစ္စည်းများကိုသိမ်းဆည်းရန် အခကြေးငွေပေး၍ စေခိုင်းသူ ဇော်လင်းဦးအား ဇွန်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ စွယ်တော်လမ်းရှိ ၎င်း၏နေအိမ်၌ လည်းကောင်း၊ ဓာတုပစ္စည်းများအား ရန်ကုန်မှ ပျော်ဘွယ်သို့ တာဝန်ခံသယ်ဆောင်သူ ကျော်မြင့်ဦး (ခ)ဖိုးကျော်(ခ)ဖြိုးကျော်အား ဇွန် ၁၂ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဒလမြို့ရှိနေအိမ်၌ လည်းကောင်း၊ ဓာတုပစ္စည်းများအား တရားမဝင် တင်ပို့ပေးသူ အောင်အောင်ဦး (ခ)ကိုခန့်အား ဇွန် ၁၄ရက် နံနက် ၆ နာရီခန့်တွင် တာမွေမြို့နယ်၊ ၁၅၂ လမ်းရှိ နေအိမ်၌ လည်းကောင်း၊ ဓာတုပစ္စည်းများအား တရားမဝင်ရောင်းချခဲ့သူ နေအောင်လှိုင်သိန်း(ခ)နေအောင်အား နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖန်ချက်စက်လမ်းရှိ နေအိမ်၌ လည်းကောင်း အသီးသီး ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဓာတုပစ္စည်းများကို မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများထုတ် လုပ်ရာတွင် အသုံးပြုရန်ရည်ရွယ်၍ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment