တာချီလိတ်၊ ဇွန် ၃
ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ မြန်မာနိုင်ငံတာချီလိတ်ဘက်သို့ ပို့ဆောင်မည့် Home Made လက်လုပ်ပစ္စတို ၂၅ လက်ကို မယ်ဆိုင်တံတားတွင် ဖမ်းမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မေလ ၃၁ ရက် ညနေ ၆ နာရီခန့်က ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ မြန်မာနိုင်ငံ တာချီလိတ်ဘက်ကို ဝင်မည့် တံတားပေါ်တွင် သုံးဘီးယာဉ်တစ်စီးကို ထိုင်းအကောက်ခွန်ဝန်ထမ်းများမှ စစ်ဆေးစဉ် တင်ဆောင်လာသည့် ကောက်ရိုးထုံးများအတွင်း သိုဝှက်ထားသည့် Home Made လက်လုပ်ပစ္စတိုသေနတ် ၂၅ လက်ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ သုံးဘီးယာဉ်မောင်းဖြစ်သူ နှင့်အတူ အသက် ၃၄နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး နှင့် အသက် ၃၇နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်းများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းတို့ကို စစ်ဆေးရာတွင် တံတားပိတ်ချိန်နီးလာ၍ တံတားကို အမြန်ဖြတ်မောင်းနေစဉ် လူတစ်ဦးမှ ကောက်ရိုးထုံးတစ်ထုံးကို ဘတ် ၄၀၀ ဖြင့် တာချီလိတ်ဘက်သို့ ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူများကို ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment