Pages

▼

Pages

▼

LA ညမထွက်ရအမိန့် သက်တမ်းတိုးပြီး တခြားမြို့တွေမှာလည်း ဆန္ဒပြမှုတွေ အရှိန်မြှင့်လာတာကြောင့် ဖမ်းဆီးမှုတွေ ပိုများလာ




ဇွန် - ၁၂ (ကြာသပတေးနေ့ ) 

အမျိုးသားအစောင့်တပ်သား ထောင်ပေါင်းများစွာကို ကျောထောက်နောက်ခံပြုထားသော ဒေသဆိုင်ရာ ဥပဒေစိုးမိုးရေး အရာရှိများ က ဆူပူဆန္ဒပြမှုများ နဲ့  ဖျက်ဆီးမှုများကို တားဆီးရန် ကြိုးပမ်းဖို့အတွက် လော့စ်အိန်ဂျလိစ်မြို့လယ် ညမထွက်ရအမိန့်ကို သက်တမ်းတိုး လိုက်ပါတယ်။ 

တစ်ချိန်တည်းတွင်၊ လော့စ်အိန်ဂျလိစ်မြို့၏ တောင်ဘက် ၃၂ မိုင်ခန့်အကွာ၊ အော်ရိန်ကောင်တီ ရှိ ဆန်တာအန်နာ ရှိ ဗဟိုတရားရုံးအပြင်ဘက်တွင် ဥပဒေအရာရှိများနှင့် ဆန္ဒပြသူတစ်စု ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့ပါတယ်။ စစ်ကားများ နဲ့ အမျိုးသားအစောင့်တပ်များက ရော်နယ်ရေဂင် ပြည်ထောင်စု အစိုးရ ရုံး နဲ့ တရားရုံးတွေ ကို ကာကွယ်ဖို့အတွက် အဆောက်အအုံးများ ရှေ့နဲ့ အဆောက်အအုံမှာ မရောက်မီ ၂မိုင်အကွာကနေ ပိတ်ဆို့ထားကြပါတယ်။ 

နယူးယောက်၊ ချီကာဂိုနဲ့ ဝါရှင်တန် ဒီစီအပါအဝင် တခြားအမေရိကန်မြို့ကြီးတွေမှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။ ဗုဒ္ဓဟူးနေ့ညက လော့စ်အိန်ဂျလိစ်မြို့တော်ခန်းမ အပြင်ဘက်တွင် တရားမ၀င်စုဝေးခြင်းကို ဖျက်သိမ်းဖို့အတွက် ရဲတပ်ဖွဲ့က ကြေညာသတိပေးခဲ့ပါတယ်။ ရဲအရာရှိတွေက ရာဘာကျည်တွေ သုံးပြီး လူစုခွဲဖို့ ကြိုးစားခဲ့တယ် လို့ CNN သတင်းမှာ ဆိုထားပါတယ်။ 

လော့စ်အိန်ဂျလိစ်မြို့လယ်တွင် ညမထွက်ရအမိန့်သည် ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း ဆက်လက် အသက်ဝင်မည်ဖြစ်ကြောင်း နဲ့ အမှတ် ၁၀၁ အဝေးပြေးလမ်းမကြီးနဲ့  ချဉ်းကပ်လမ်းများကိုလည်း ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်ရဲဌာန၏ ဗဟိုဌာနခွဲက ဆိုပါတယ်။ 

101 အဝေးပြေး ချဉ်းကပ်လမ်း အတက်အဆင်းနှင့် ပတ်သက်၍ မေးခွန်းများ ထုတ်ထားသည်။ ယနေ့ ဆန္ဒပြပွဲများ ကြောင့် ၎င်းတို့ကို ဆက်လက်ပိတ်ထားမည်ဖြစ်သည်။ ညမထွက်ရဇုန်က ၁ စတုရန်းမိုင်ခန့် ကျယ်ဝန်းတာဖြစ်လို့ လော့စ်အိန်ဂျလိစ်တွင် နေထိုင်သူ ၁၀ သန်းခန့်တွင် လူပေါင်း ၁သိန်းကို ထိခိုက်စေပါတယ်။  ချွင်းခြက်အနေနဲ့ ဥပဒေစိုးမိုးရေး၊ အရေးပေါ်နှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ နေထိုင်သူများ၊ အလုပ်သို့ လာသူများနှင့် ယုံကြည်စိတ်ချရသော သတင်း မီဒီယာ ကိုယ်စားလှယ်တို့ ပါဝင်ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment