Pages

Pages

Lee Jae-myung က တောင်ကိုရီးယားသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို


ဇွန် - ၅ 

တောင်ကိုရီးယား ဒီမိုကရက်တစ်ပါတီက Lee Jae-myung ဟာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ၂၀၂၂ခုနှစ် နောက်ပိုင်း ပထမဦးဆုံးသော လစ်ဘရယ်အစိုးရကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

မစ္စတာ Lee ဟာ ဗုဒ္ဓဟူးနေ့က နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အမျိုးသားလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ ၂၁ဦးမြောက် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရေး၊ နိုင်ငံကို ကာကွယ်ရေးနဲ့ မွေးရပ်မြေ ငြိမ်းချမ်းစွာပေါင်းစည်းရေးကိုရှေးရှုရေး ကတိပြုခဲ့ပါတယ်။

အဲဒီနောက် မိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန်နဲ့ နှစ်နိုင်ငံမဟာမိတ်ဖွဲ့မှုအပေါ် အခြေခံကာ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့အကြား သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် သူလုပ်ဆောင်မှာဖြစ်တယ်လို့ ပြောဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို လက်တွေ့ကျပြီး နိုင်ငံ့အကျိုးစီးပွားရှုထောင့်ကနေ ချဉ်းကပ်မှာဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး နျူကလီးယားနဲ့ စစ်ရေးဆိုင်ရာ ရန်စမှုတွေကို အမေရိကန်-တောင်ကိုရီးယား စစ်ရေးမဟာမိတ်ဖြစ်မှုမှာ အားကောင်းတဲ့ကြားဖြတ်ဟန့်တားမှုအခြေခံနဲ့ တုံ့ပြန်သွားမယ်လို့ သမ္မတ Lee က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေဖွင့်ပြီး ဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။


Ref - NHK

https://t.me/MyanmarNationalPost

No comments:

Post a Comment