Pages

▼

Pages

▼

အီသီယိုးပီးယားနိုင်ငံသား Mr.Mamo Bereket Mekonnen (သ)၂၅နှစ်ပါ ကျား ၄၃ ဦးတို့အား စနစ်တကျလွှဲပြောင်းအပ်နှံ




မြဝတီ၊ ဇွန် ၉

အီသီယိုးပီးယားနိုင်ငံသား Mr.Mamo Bereket Mekonnen (သ)၂၅နှစ်ပါ ကျား ၄၃ ဦးတို့အား  မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ ခရိုင် လဝကမှူး ဒုညွှန်မှူး ဦးကျော်ကျော်သန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးကျော်ဇင်ဦး တို့သည် အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယားသံရုံးမှ ကိုယ်စားလှယ် ထိုင်းနိုင်ငံအခြေစိုက် Global Advance Project Foundation မှ Mr.Judah Hira Tana ထံ စနစ်တကျလွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့်  Online  Scam  Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment