ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွပ်တွင် မဟာပဋ္ဌာန်းပူဇော်ပွဲကျင်းပပြုလုပ်ရန် အစည်းအဝေးကျင်းပနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့လာရောက်ပစ်ခတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွပ်တွင် မဟာပဋ္ဌာန်းပူဇော်ပွဲကျင်းပပြုလုပ်ရန် အစည်းအဝေးကျင်းပနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့လာရောက်ပစ်ခတ်


ညောင်ဦး၊ ဇွန် ၂

NUG, CRPH လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများနှင့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အစိုးရဝန်ထမ်းများ၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့အရပ်သားပြည်သူများနှင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ပြည်သူလူထုအတွင်း အကြောက် တရားများလွှမ်းမိုးစေရန် ရည်ရွယ်၍ အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် ကျူးလွန် လျက်ရှိသည်။

ထိုသို့ကျူးလွန်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ ဂန့်ဂါ ရပ်ကွက်ရှိ ဓမ္မာရုံ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် အပါအဝင် ရပ်မိရပ်ဖများသည် မဟာ ပဋ္ဌာန်းပူဇော်ပွဲကျင်းပပြုလုပ်ရန် အစည်းအဝေးပြုလုပ်နေစဉ် ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက PDFအမည်ခံအကြမ်းဖက်သမား ၁၅ ဦးခန့်သည် လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက် ပစ်ခတ်ခဲ့သဖြင့် ဦးမြင့်ဇော် အပါအဝင် ရပ်မိရပ်ဖ ၇ ဦး သေဆုံးခဲ့ပြီး ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ သေဆုံး၊ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ဘာသာသာသနာရေးအတွက် ဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ရပ်မိရပ်ဖများအား လူသားမဆန်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးအရေးယူဖော်ထုတ်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)