Pages

▼

Pages

▼

မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး Pfizer JN1ဆက်လက်ထိုးနှံပေးလျက်ရှိ





မြောက်ဥက္ကလာပ၊ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ( Pfizer)JN1ထိုးနှံပေးခြင်းကို  ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံး တွင် ဆက်လက် ထိုးပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်    ကြီးကြပ်၍  မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသူများ ၊ သက်ကြီးရွယ်အိုများ ၊ ဌာနဆိုင်ရာများအား  ကာကွယ်ဆေးရရှိသည့်အပေါ်မူတည်၍ ဦးတည်အုပ်စုအလိုက် ကိုဗစ်  ၁၉ ကာကွယ်ဆေး( Pfizer)JN1 ကို ရုံးချိန်အတွင်း ထိုးနှံပေးလျှက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment