လှည်းကူးမြို့နယ် ကျောက်ကဒင်ကျေးရွာ၌ မိုးစပါး မျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်ပျိုးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ် ကျောက်ကဒင်ကျေးရွာ၌ မိုးစပါး မျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်ပျိုးခြင်း ဆောင်ရွက်



လှည်းကူး  ၊ ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးစပါး မျိုးစေ့ချကိရိယာ(Seeder)ဖြင့်စိုက်ပျိုးခြင်းကို လှည်းကူးမြို့နယ်၊ ကျောက်ကဒင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၀၀၂)၊ ဦးပိုင်အမှတ် ၅၃/က တောင်သူ ဒေါ်ပြုံးနွဲ့၏ လယ်ယာမြေ(၄း၀၀) ဧကနှင့် တောင်သူ ဒေါ်ဘဲလာ (၁၃.၇၃)ဧကတို့တွင် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါလယ်မြေ၌(ဆင်းသုခမျိုး) မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများအားပြောကြားခဲ့ပြီး တောင်သူဒေါ်ဘဲလာနှင့် ဒေါ်ပြုံးနွဲ့၏ လယ်မြေများပေါ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder) ဖြင့်စိုက်ပျိုးခြင်းအား ကြည့်ရှု့အားပေးခဲ့သည်။

အဆိုပါ တိုက်ရိုက်မျိုးစေ့ကိရိယာ (Seeder)ဖြင့် စိုက်ပျိုးပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


အေးအေးနွဲ့(လှည်းကူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)