Pages

▼

Pages

▼

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုကြောင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းအား ဂုဏ်ပြုပွဲ ကျင်းပ








နေပြည်တော်၊ ဇူလိုင် ၁၃

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း အား ဂုဏ်ပြုပွဲကို ယမန်နေ့က ဆရာတော်သံဃာတော်များကို ဆွမ်းကပ်လှူဒါန်း၍ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ငယ်စဉ်ကတည်းမှစ၍ ရခိုင်လူမျိုးအကျိုး၊ ရခိုင်ပြည်အကျိုးအတွက် ကြိုးပမ်းရင်း မမောမပမ်းဆက်လက်လျှောက်လှမ်းနေသည်သာမက လက်ရှိတွင် မြန်မာတနိုင်ငံလုံးသွေးမြေခလျှက် ထောင့်ပေါင်းစုံ၊ အရပ်လေးမျက်နှာပေါင်းစုံ၌ အခက်အခဲကြုံတွေ့နေကြရသည့် မြန်မာတနိုင်ငံလုံးငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသော ALP ဥက္ကဌ ဆရာမကြီး စောမြရာဇာလင်း အား ကချင်အမျိုးသမီး ဒေါ်ဆွမ်လွတ်ဆိုင်းခေါန် က ဦးဆောင်၍ ဂုဏ်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ဂုဏ်ပြုပွဲကို အေးသာယာပရိယတ္တိစာသင်တိုက်  ဘုန်တော်ကြီးကျောင်းတိုက်၌ သံဃာတော် (၇)ပါး ဆွမ်းကပ်လှူဒါန်းခြင်း၊ နဝကမ္မ အလှူငွေများ လှူဒါန်းပြီး ဖိတ်ကြားထားသူများကိုလည်း ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

 ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေသည့် ရခိုင်ပြည်နယ်မှ ဒေသခံများကိုလည်း တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment