Pages

▼

Pages

▼

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကောင်စီ ကတိ သစ္စာခံယူပွဲကျင်းပ








မြောက်ဥက္ကလာပ၊ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ အမှတ် (‌‌‌‌၄) အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကို ယနေ့ နံနက် ၉ နာရီ အချိန် အဆို‌‌ပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ  အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက ကျောင်းကောင်စီသီချင်းအား သံပြိုင်ရွတ်ဆိုခဲ့ကြပြီးအမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးဖုန်းနိုင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းကောင်စီ အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌက ကျောင်းကောင်စီအမှု‌ ဆောင်အဖွဲ့ အမည်စာရင်းကို ဖတ်ကြားကာ ကျောင်းကောင်စီအဖွဲ့ နှင့် ကျောင်းသား၊ ကျောင်းသူများက ကတိသစ္စာ ခံယူကြသည်။ 

ယင်းနောက် ကျောင်းကောင်စီ ဥက္ကဋ္ဌ ကျောင်းအုပ် ဆရာကြီး ဦးဖုန်းနိုင်က တာ၀န် အထိမ်းအမှတ် အလံများကို သက်ဆိုင်ရာ ဆရာမများထံ ပေးအပ်ခဲ့‌ပြီး  ကျောင်းသား၊ ကျောင်းသူများက နိုင်ငံ တော် သီချင်းအား သံပြိုင်စုပေါင်းသီဆိုခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment