လူလုပ် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဥရောပမှာ အပူလှိုင်းကြီး လာပြီး အသေအပျောက်များလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူလုပ် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဥရောပမှာ အပူလှိုင်းကြီး လာပြီး အသေအပျောက်များလာ


ဇူလိုင် - ၁၀ ( ကြာသပတေးနေ့ ) 

ဇူလိုင်လ လဆန်းပိုင်းမှာ ပြီးဆုံးခဲ့တဲ့ ဥရောပရဲ့ နောက်ဆုံး အပူလှိုင်းကြောင့် သေဆုံးမှုမှာ လူလုပ် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာကြီး ပူနွေးလာမှုထက် သုံးဆပိုများကြောင်း ဗြိတိန် သိပ္ပံပညာရှင်များက မနေ့က ပြောလိုက်ပါတယ်။ 

ရေနံ၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေး အပါအဝင် ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုကြောင့် ရာသီဥတု ပူနွေးလာကာ အပူလှိုင်း ပိုမိုပူပြင်းလာပြီး ဥရောပမြို့ကြီး ၁၂ မြို့တွင် သေဆုံးသူ ၈၀၀ ခန့်မှ ၂၃၀၀ ခန့်အထိ မြင့်တက်လာခဲ့ကြောင်း လန်ဒန်တက္ကသိုလ် တစ်ခုက ထုတ်ဝေတဲ့ သုတေသနအသစ်တစ်ခုအရ သိရပါတယ်။ 

ဇွန် ၂၃ ရက်မှ ဇူလိုင် ၂ ရက်အထိ ကာလအတွင်း ရာသီဥတု ဖောက်ပြန်မှုကြောင့် အပူချိန် ၄ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်လာပြီး ရာသီဥတု ဖောက်ပြန်မှုကြောင့် သေဆုံးမှု အရေအတွက်သည် သုံးဆနီးပါး တိုးလာခဲ့ပါတယ်။ ဇူလိုင် ၁ ရက်နေ့က အပူဆုံး ၁၀ ရက်အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် သေဆုံးသူ အီတလီနိုင်ငံ မီလန်မြို့တွင် ၃၁၇ ဦး၊ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၈၆ ဦး၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်  ၂၃၅ ဦး ၊ ယူကေ လန်ဒန်တွင် ၁၇၁ ဦး နဲ့ အီတလီ ရောမမြို့ တွင် ၁၆၄ ဦး ရှိခဲ့ပါတယ်။ ဆာဒီနီးယား ကျွန်းပေါ်က ဆက်ဆာရီမြို့မှာ အပူဒဏ်ကြောင့် သေဆုံးသူ ခြောက်ဦးပဲ ရှိတယ်လို့ ဆိုပေမဲ့ အဲ့ဒိက လူဦးရေက လန်ဒန်မြို့ရဲ့ အပုံ ၇၀ ပုံ ၁ ပုံသာရှိပါတယ်။ 

အပူလှိုင်းရဲ့ သက်ရောက်မှုကို သက်ကြီးရွယ်အိုများ အများဆုံး ထိခိုက်ခံစားရပြီး အသက် ၆၅ နှစ်အထက် လူများသည် ရာသီဥတုဖောက်ပြန်မှုကြောင့် သေဆုံးမှု ၈၈ ရာခိုင်နှုန်းတွင် ရှိကြောင်း လေ့လာမှုက ဆိုပါတယ်။ အဲ့ဒါက အရွယ်မတိုင်မီသေဆုံးမှု အကြောင်းအရင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ 

၂၀၂၄ နွေရာသီ ဗလင်စီယာတွင် ရေလွှမ်းမိုးမှု၊ ၂၀၂၁ ဥရောပ အနောက်မြောက်ပိုင်းတွင် ရေလွှမ်းမိုးခြင်း ထက် အပူလှိုင်းကြောင့် သေဆုံးသူက ပိုများနေပါတယ်။ အပူလှိုင်းတွေကို အသံတိတ်လူသတ်သမားတွေလို့ ခေါ်ကြတာကို သက်သေပြနေပါတယ်။ အပူလှိုင်းကြောင့် သေဆုံးမှုများက အခြားသော ဘေးအန္တရာယ်များလို့ သတင်းစာ ခေါင်းကြီးပိုင်း မှာ ပါလေ့ပါထမရှိပါဘူး ။  အပူလှိုင်းတွေက တောမီး ဒါမှမဟုတ် မုန်တိုင်းတွေလို ပျက်စီးသွားတဲ့လမ်းကို မထားခဲ့ပါဘူး။ သူတို့ရဲ့ သက်ရောက်မှုတွေက အများအားဖြင့် မမြင်နိုင်ပေမယ့် တိတ်တဆိတ် အပျက်အစီးများပါတယ်။ အပူချိန် ၂ သို့မဟုတ် ၃ ဒီဂရီစင်တီဂရိတ်သာ ပြောင်းလဲခြင်းက လူထောင်ပေါင်းများစွာရဲ့ အသက် ကိုယူဆောင်သွားပါတယ်။ 

ကမ္ဘာ့အပူချိန် ၁.၅ ဒီဂရီစင်တီဂရိတ်ကနေ ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာရင် အပူနှင့်ဆက်စပ် သေဆုံးမှုက ၁၀ ဆ ပိုများမယ်လို့ ဥရောပ ပတ်ဝန်းကျင်အေဂျင်စီက ပြီးခဲ့သည့်လက သတိပေးခဲ့ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)