မအူပင်မြို့နယ်တွင် ဖူးသစ်ဝေအထွေထွေရောင်းဝယ်ရေး သမဝါယမလီမိတက် ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့နယ်တွင် ဖူးသစ်ဝေအထွေထွေရောင်းဝယ်ရေး သမဝါယမလီမိတက် ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနား ကျင်းပ




မအူပင် ၊  ဇူလိုင် ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ ဖူးသစ်ဝေအထွေထွေရောင်းဝယ်ရေး သမဝါယမလီမိတက် ၂၀၂၄-၂၀၂၅ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားအား ယနေ့မွန်းလွဲ (၁) နာရီက အမှတ် (၂) ရပ်ကွက် ဆွမ်းချက်ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်သည်။


ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဦးသန့်စင်မှ အဖွင့်အမှာစကား ပြောကြားပြီး ဖူးသစ်ဝေအထွေထွေရောင်းဝယ်ရေး သမဝါယမလီမိတက်ဥက္ကဋ္ဌ ဦးမျိုးထွန်းဝင်းမှ အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းများအား ဒါရိုက်တာအဖွဲ့ဝင်များမှ ဖတ်ကြားရှင်းလင်းပြီး ရှင်းလင်းချက်များအပေါ် အသင်းသား၊ အသင်းသူများမှ ပြန်လည်ဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာရေးရှင်းတမ်းများအား အသင်းသား၊ အသင်းသူများထံမှ လက်ခံအတည်ပြုချက်ရယူခဲ့ကြရာ အသင်းသား၊ အသင်းသူများမှ အတည်ပြု လက်ခံခဲ့ကြသည်။


အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်စင်နှင့် ဝန်ထမ်းများ၊ ဖူးသစ်ဝေအထွေထွေရောင်းဝယ်ရေးသမဝါယမလီမိတက်ဥက္ကဋ္ဌ ဦးမျိုးထွန်းဝင်းနှင့် အသင်းသား၊ အသင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စိတ်ပါဝင်စားသည့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး အသင်းသား၊ အသင်းသူများ၏ အစုပေါ်အမြတ်ငွေ ၂၅% ငွေကျပ် တစ်ဆယ့်လေးသိန်းကျော်အား မြို့နယ်ဦးစီးအရာရှိနှင့် ဒါရိုက်တာအဖွဲ့ဝင်များမှ အသင်းသား၊ အသင်းသူ (၆၈) ဦးထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်းသိ ရသည်။


အောင်မြင့်မြတ်

`https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)