ဂျာမနီက အနာဂတ် စစ်ပွဲတွေအတွက် ရင်းနှီးမြုပ်နှံမှု အကြီးအကျယ် လုပ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျာမနီက အနာဂတ် စစ်ပွဲတွေအတွက် ရင်းနှီးမြုပ်နှံမှု အကြီးအကျယ် လုပ်နေ


ဇူလိုင် - ၂၅ ( သောကြာနေ့ ) 

ဂျာမနီသည် ၎င်း၏စစ်ရေးလုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ကင်းထောက်ပိုးဟပ်များနှင့် AI သုံးစက်ရုပ်များ အပါအဝင် အနာဂတ်စစ်ပွဲဆိုင်ရာနည်းပညာများတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံထားကြောင်း ရိုက်တာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ 

ဂျာမန် အဓိပတိဖရိုက်ဒရစ်ချ် မားဇ် က ယခုနှစ်တွင် ယူရို ၈၆ ဘီလီယံ စပြီး မြုပ်နှံမှာဖြစ်ပြီး ၂၀၂၉ ခုနှစ်တွင် ဂျာမနီ၏ စုစုပေါင်းစစ်အသုံးစရိတ်ကို ယူရို ၁၅၃ ဘီလီယံ (ဒေါ်လာ ၁၈၀ ဘီလီယံ) တိုးမြှင့်ရန် အစီအစဉ်များကို မကြာသေးမီက ကြေညာခဲ့ပါတယ်။ ရုရှားရဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုလို့ ခေါ်ဆိုသည့်အရာကို တန်ပြန်ရန် နေတိုးမူဘောင်သစ်အောက်တွင် ကာကွယ်ရေးအတွက် GDP ရဲ့ ၃.၅ ရာခိုင်နှုန်းကို ခွဲဝေပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ 

ရိုက်တာ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ မားဇ် အစိုးရအဖွဲ့က ယခုသီတင်းပတ်အတွင်း တင့်ကားနှင့်တူသော စက်ရုပ်များ၊ မောင်းသူမဲ့ ရေငုပ်သင်္ဘောငယ်များကနေ စပြီး စပိုင်ပိုးဟတ်လို စက်ရုပ်ငယ်လေးတွေအထိ ဝယ်ယူဖို့အတွက် ရေးဆွဲထားတဲ့ ကာကွယ်ရေး၀ယ်လိုအားဥပဒေမူကြမ်းကို ယခုသီတင်းပတ်တွင် အတည်ပြုခဲ့ ပါတယ်။ အဆိုပါဥပဒေသည် ဂျာမနီနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ ခေတ်မီတိုးတက်ရေးအတွက် လုပ်ဆောင်ပေးမယ့် ကုမ္ပဏီများကို လျင်မြန်စွာ အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားပါတယ်။ 

ဂျာမနီအစိုးရ၏ မူဝါဒများကို ဝေဖန်သူများက စစ်အသုံးစရိတ်ကို အဲ့လိုမျိုး ဆက်လက်တိုးမြင့် သုံးနေပါက နိုင်ငံတော် ဘတ်ဂျက်ကို ထိခိုက်စေနိုင်ပြီး စွမ်းအင်စရိတ်စကများ မြင့်တက်လာနိုင်ခြင်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဲ့ဒိအခြေအနေက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ကျဆင်းသွားနိုင်ကြောင်း နဲ့ အမေရိကန်နှင့် ကုန်သွယ်ရေး တင်းမာမှုများကြောင့် နိုင်ငံရဲ့စက်မှုလုပ်ငန်းကို ပိုမိုထိခိုက်စေနိုင်ကြောင်း သတိပေးထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)