သန်လျင်ခရိုင် မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေးချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

သန်လျင်ခရိုင် မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေးချီးမြှင့်





ရန်ကုန်၊ ဇူလိုင် ၃၀

သန်လျင်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဓါတ်မြေသြဇာ၊ မျိုးစေ့ချကိရိယာ Drum Seeder ဆိုလာ(၂)ချပ်တွဲ(၆)လက်မရေတင်ပန့်၊ ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်ထောက်ပံပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ သီဟဒီပအားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အမှာစကားပြောကြားပြီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများက သွင်းအားစုနှင့် ထောက်ပံ့ပစ္စည်းများကို သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း၊ ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ၊မိုးစပါးစိုက်တောင်သူများအား ထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် ဒေသခံတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံတောင်သူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ လယ်ယာသုံးစက်ကိရိယာများအား တောင်သူများနှင့်အတူ လှည့်လည်ကြည့်ရှူအားပေးခဲ့ကြောင်း သိရသည်။


ဖြိုးသီဟ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)