Pages

▼

Pages

▼

နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်သမား အခြေပြုစခန်းတစ်ခုအား သိမ်းပိုက်ရရှိ









နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းများသည် ဇူလိုင်လ ၂၇ ရက်နေ့တွင် နောင်ချိုမြို့နယ်အတွင်းရှိ ရန်သူအခြေပြုထားသည့် ကြူအင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း(ကောင်းမှုစခန်းခွဲ)အား လက်နက်ခဲယမ်းများနှင့်အတူ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်သမား အခြေပြုစခန်းများကို ရှင်းလင်းပြီး မြို့ပြပြန်လည်တည်ဆောက်ရေးနှင့် ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်အဖွဲ့ဝင်တချို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ တပ်မတော်မှ ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းပြီး လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသည့်အပြင် လက်နက်ခဲယမ်း အပ်နှံဝင်ရောက်လာသူများကိုလည်း လက်နက်တန်ဖိုး ထုတ်ပေးလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment