Pages

Pages

အစ္စရေးတွေ စစ်ပွဲ မရပ်ရင် ပါလက်စတိုင်းတွေကို နိုင်ငံထောင်ခွင့်ပေးလိုက်မယ်လို့ ဗြိတန်ဆို




ဇူလိုင် - ၃၀ ( ဗုဒ္ဓဟူးနေ့ ) 

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးက သဘောမတူရင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာ က မနေ့က ပြောသွားပါတယ်။ အပစ်အခတ် ရပ်စဲရေးသဘောတူပြီး ထာဝရငြိမ်းချမ်းရေးကို ကတိကဝတ်ပြုခြင်းဖြင့် အစ္စရေးအစိုးရသည် ဂါဇာတွင် ကြောက်မက်ဖွယ်ကောင်းသောအခြေအနေများကို အဆုံးသတ်ရန် ခိုင်မာသော ခြေလှမ်းများ လုပ်ဆောင်ဖို့လိုကြောင်း စတားမာက ပြောကြားခဲ့ပါတယ်။ 

စက်တင်ဘာ ၉ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမတိုင်မီ ပါလက်စတိုင်းနိုင်ငံ အဖြစ် အသိအမှတ်ပြုကြောင်း ဗြိတိန်က ကြေညာမယ်လို့ စတားမာက ၎င်းရဲ့ ရာဇသံတွင် ပြောကြားခဲ့ပါတယ်။ 

"အဆုံးစွန်အားဖြင့်၊ လူသားချင်းစာနာမှု အကျပ်အတည်းကို အဆုံးသတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ရေရှည်ဖြေရှင်းမှုမှတဆင့် ပဲ ဖြစ်ပါတယ်" လို့ စတားမာက သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။ 

"ကျနော်တို့ရဲ့ပန်းတိုင်မှာ ဘေးကင်းလုံခြုံတဲ့ အစ္စရေးနိုင်ငံက ဆက်လက်တည်ရှိနေမှာပါ။ အကြွင်းမဲ့ အချုပ်အခြာအာဏာပိုင် ပါလက်စတိုင်းနိုင်ငံကလည်း ဆက်လက်တည်ရှိနေမှာပါ" လို့ ဆိုပေမဲ့ သူ့ရဲ့ ပန်းတိုင်က  ဖိအားများအောက်တွင် ရှိနေပါသေးတယ်။ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်ဖို့ အတွက် ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာဖို့ကို သူက အမြဲထောက်ခံခဲ့ပါတယ်လို့လည်း ဆိုပါတယ်။ 

“အငတ်ဘေးနဲ့ ဓားစာခံတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂက ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဆက်လက်ပေးပို့ခွင့်ပြုဖို့နဲ့ သတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့ ချက်ခြင်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားပါတယ်”လို့ သူ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပါပါတယ်။ 

ပါလက်စတိုင်း နိုင်ငံကို ဘယ်နားမှာ ထားမယ်၊ ဟားမတ်တွေကို အပစ်ရပ်ရေးအတွက် ဘယ်လိုမက်လုံးတွေပေးမယ်၊ ရန်လိုမှုတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုကိုတော့ သူကမပြောပါဘူး။ 

ပြင်သစ်သမ္မတ မာခရွန်ကလည်း စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ ညီလာခံတွင် ပြင်သစ်က ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုကြောင်း ကြေညာမယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောထားပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment