Pages

Pages

အိန္ဒိယက ၂၀၂၄ /၂၅ အတွင်း ကျောက်မီးသွေးတန်ချိန် သန်း ၁၀၀၀ကျော် ထုတ်လုပ်ခဲ့


ဇူလိုင် - ၂၉ ( အင်္ဂါနေ့ ) 

အိန္ဒိယသည် ၂၀၂၄/၂၅ အတွင်း ကျောက်မီးသွေးတန်ချိန် တစ်ဘီလီယံကျော် ထုတ်လုပ်ခဲ့ကြောင်း ကျောက်မီးသွေးနှင့် သတ္တုတွင်းဝန်ကြီး က မနေ့က ပြောလိုက်ပါတယ်။ အိန္ဒိယက လာမယ့် ၂၀၂၉ / ၃၀ မှာ တစ်နှစ်လျှင် ကျောက်မီးသွေး တန်ချိန် ၁.၁၃ ဘီလီယံ အထိ ထုတ်လုပ်မှုကို တိုးမြှင့်ရန် စီစဉ်နေကြောင်း အထက်လွှတ်တော်က မေးခွန်းထုတ်တာကို ဝန်ကြီးဌာနက စာဖြင့် ဖြေကြားခဲ့ပါတယ်။ 

ပရောဂျက်အသစ်များအတွက် လုပ်ငန်းပိုင်ဆိုင်ရာ ရှင်းလင်းမှု၊ စည်းမျဉ်းများပြင်ဆင်ခြင်း၊ နည်းပညာတိုးတက်မှု၊ ရှိပြီးသား ပရောဂျက်များကို တိုးချဲ့ခြင်းနှင့် စီးပွားဖြစ်တူးဖော်ခြင်းအတွက် ကျောက်မီးသွေးလုပ်ကွက်များကို လေလံတင်ရောင်းချခြင်းစတဲ့ ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ရန် အစိုးရက ကြေငြာချက်ထုတ်ထားပါတယ်။ အိန္ဒိယသည် စီးပွားဖြစ် သတ္တုတူးဖော်ခြင်းအတွက် ၁၀၀ % နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ 

ကျောက်မီးသွေး ဝန်ကြီးဌာနသည် ကျောက်မီးသွေးလုပ်ကွက်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သတ္တုတွင်းပိုင်ရှင်များသည် ပွင့်လင်းဈေးကွက်တွင် ပိုလျှံနေသော ကျောက်မီးသွေးများကို ရောင်းချနိုင်ပါတယ်။ နယူးဒေလီအစိုးရက သံမဏိထုတ်လုပ်တဲ့ ကဏ္ဍအတွက် ကျောက်မီးသွေး ထောက်ပံ့မှု တိုးမြှင့်ရန် ကျောက်မီးသွေးစီမံကိန်း ကို မိတ်ဆက်ခဲ့ပြီး သွင်းကုန်အပေါ် မှီခိုမှုကို လျှော့ချရန် ရည်မှန်းချက်ဖြင့်လုပ်ခဲ့တာပါ ။ 

အိန္ဒိယက လက်ရှိမှာ ကျောက်မီးသွေးကို တင်သွင်းနေရဆဲဖြစ်ပေမဲ့ အရန်ပမာဏနည်းပါးခြင်း သို့မဟုတ် ရရှိနိုင်မှုနည်းပါးခြင်းတို့ကြောင့် ပြည်တွင်း၌ အမြောက်အမြား အလွယ်တကူမရနိုင်တဲ့ အဆင့်မြင် ကျောက်မီးသွေး သီးခြားလိုအပ်ချက်များအတွက်သာ တင်သွင်းနေရတာဖြစ်ကြောင်း ဝန်ကြီး က ဆိုပါတယ်။ အိန္ဒိယနိုင်ငံက ၎င်း၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းအတွက် ကျောက်မီးသွေးကို မှီခိုနေရပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

No comments:

Post a Comment