Pages

Pages

၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များ သိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက် လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ


နေပြည်တော်၊ ဇူလိုင် ၂၉

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများ သိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmarearthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။

အဆိုပါဝက်ဘ်ဆိုက်တွင် မြေငလျင်ဆိုင်ရာသတင်းများကို တစ်နေရာတည်းမှ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း လေ့လာနိုင်သည်။ ထို့ပြင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များနှင့် ထိခိုက်ခဲ့မှုများကို မျှဝေပေးခြင်းဖြင့် အလှူရှင်များက လှူဒါန်းလိုသော နေရာများအား ကိုယ်တိုင်ရွေးချယ်၍ KBZ Pay ၊ CB Pay၊ AYA Pay၊ OK $ နှင့် Wave Pay စသည့် မိမိနှစ်သက်ရာ Pay များဖြင့် လွယ်ကူစွာ တိုက်ရိုက်လှူဒါန်းနိုင်ပြီး Online မှတစ်ဆင့် MMQR ဖြင့် လှူဒါန်းနိုင်သည်။ ပြည်ပအလှူရှင်များအနေဖြင့်လည်း Visa Card၊ Master Card များ အသုံးပြု၍ လှူဒါန်းနိုင်သည်။

Website နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက ၀၆၇-၃၄၀၄၇၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment