Pages

▼

Pages

▼

(၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ





ဟင်္သာတ၊ ဇူလိုင် ၁၅

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီကကျင်းပခဲ့ပါသည်။

အဆိုပါ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကား‌ပြောပြိုင်ပွဲကို အခြေခံပညာ အလယ်တန်းအဆင့်မှ ကျောင်းသား/သူများက "အာဇာနည်ဆိုသည်မှာ" "အာဇာနည်စိတ်ဓာတ်" "ကျွန်ုပ်လေးစားရသော ပုဂ္ဂိုလ်" "မမေ့နိုင်သောနေ့တစ်နေ့" စသောခေါင်းစဉ်များဖြင့် မဲနှိုက်ခိုင်းပြီး မိမိကျရာ ခေါင်းစဉ်အလိုက် ယှဉ်ပြိုင်စေရာ ကျောင်းသား/သူ စုစုပေါင်း (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်နေ့နှင့်ပတ်သက်သော နံရံစာစောင်နှင့် ပြည်သု့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကိုလည်း ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာ ကြည့်ရှုခဲ့ကြသည်။ 

ကျပန်းစကားပြောပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများ၊ ‌ကျောင်းသား/သူများ၊ ကျောင်းသား/သူမိဘများပါဝင်သည့် ပရိတ်သတ်  (၇၀)ဦး တတ်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment