Pages

▼

Pages

▼

လားရှိုးမြို့ပေါ် ဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)


ကိုနောင်တော်ရေ  - - -

လားရှိုးမြို့ကြီးကတော့ လှိုင်သာယာ လိုမျိုး ဖြစ်နေပြီ။ နေ့စဉ် လောင်းကစားဂိမ်းဆိုင်တွေနဲ့ ခိုးမှု၊ တိုက်မှု၊  ရိုက်မှုတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုတွေက  ပေါ်ပေါ်တင်တင် ဖြစ်နေပါတယ်။ စီမံအုပ်ချုပ်ရေးအဖွဲ့တွေကို ထီမထင်တဲ့အချိုးတွေနဲ့  မြို့ရွာ အေးချမ်းသာယာရေး နှောက်ယှက်ဖျက်ဆီးမှုတွေ ရှိနေသော်လည်း မြို့ရွာ အုပ်ချုပ်ရေးအဖွဲ့ တွေ အနေနဲ့  အဓိကထား ဆောင်ရွက်ဖို့ အလေးမထားသလို ဖြစ်နေပါတယ်။

ရပ်ကွက်(၁)မှစ (၁၂) ရပ်ကွက်လုံးအတွင်းတွေမှာ ခိုးဆိုး နှစ်ဘက်ချွန်နဲ့ အကြမ်းဖက်သမား နဲ့ ပြည်ဖျက်တွေက အသွင်ပြောင်း၍ ခိုအောင်းနေကြသည်လည်းရှိသည်။ နောင်ချို၊ ကျောက်မဲ၊ သီပေါ အခြေအနေမကောင်းတော့ လားရှိုးမြို့မှာ အိမ်ခန်းငှား၊ လုံးခြင်းငှား၍ ခိုအောင်းနေကြသည်ကို သတိမမှုပဲ ၁၀၂၇ မစခင် ကာလတွေတုံးကအတိုင်း လိုင်းကြေးကောက် စားဖို့ ကြိုးစားအားထုက်နေကြတဲ့ ++++အဖွဲ့တွေကြောင့် နောက်ထပ် ပြည်သူတွေမှာ စစ်ရှောင်ရမယ့် အခြေအနေတွေကို သိစေချင်ပါတယ်။ ဒီလအတွင်း ရှောင်တခင် ဧည့်စာရင်းတွေ စစ်နိုင်ရင် ခိုးဆိုးတွေ ရှင်းပစ်နိုင်သလို အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကလည်း ကင်း စေနိုင်ပါတယ် ဆိုတာ တင်ပြပေးစေချင်ပါတယ်ဗျာ။ လေးစားလျှက်ပါ။


မြို့ခံပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment