Pages

▼

Pages

▼

တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပေါ်နေ၍ လမ်းများပိတ်နေ



တနင်္သာရီမြို့နယ်အတွင်း ၂၈.၇.၂၀၂၅ နေ့ နံနက်(၁၀)နာရီအချိန်လောက်မှစပြီး တိုက်ပွဲများဖြစ်ပေါ်နေ၍ လမ်းများပိတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက " ၂၈.၇.၂၀၂၅ နေ့ နံနက်(၁၀)နာရီအချိန်လောက်မှစပြီး တနင်္သာရီနယ် တားပလပ်ရွာအနီးမှ - ဘုတ်ပြင်းနယ်၊ မနိုးရုံးရွာ  လမ်းဖိုးကမ်းရွာ  ထင်းမယ်ရွာ အနီးထိ လမ်းတလျှောက် ပွဲကနေလို့ ခရီးသွားယာဉ်များ ရပ်နားထားရတယ်။ ကျနော်တို့လည်း လမ်းတဝက်မှ လှည့်ပြန်ကြပြီ" ဟု ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ဒေသခံခရီးသွားပြည်သူများကို အကြမ်းဖက်လုပ်ရပ်များဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ခြိမ်းခြောက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment