Pages

Pages

ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေးအခြေခံစားသောက်ကုန်စည်များရောင်းချပေးလျက်ရှိ





ပေါင်၊ ဇူလိုင် ၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေးအခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ယနေ့နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင်  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုံးဆီ တစ်ပိဿာ ရည်ညွှန်းဈေး (၆၇၈၅)ကျပ်၊ ကြက်ဥ(၄)လုံး (၁၅၀၀)ကျပ်၊ အမဲသားတစ်ပိဿာ(၂၀၀၀၀) စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး ၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင်  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment