Pages

▼

Pages

▼

မြောက်ဥက္ကလာပမြို့နယ်ရှိ ပရဟိတအသင်းများကွန်ယက်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်





မြောက်ဥက္ကလာပ၊ ဇူလိုင်  ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ပရဟိတအသင်းများကွန်ယက်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး တွင် ပေးအပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း က မိမိတို့မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား/သေဆုံးမှု လျော့နည်းကျဆင်းရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသော လူမှုကူညီရေး အသင်းအဖွဲ့များပါဝင်သော မြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းများ (ကွန်ယက်)အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရခြင်း နှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့သည်။ 

ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်းက ပေးအပ်ရာ မြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းများ ကွန်ယက် ဂုဏ်ထူးဆောင် နာယက ဆရာတော်ကြီး နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး မြို့နယ်အတွင်း လူမှုကူညီရေးကိစ္စရပ်များအား ဆောင်ရွက်လျက်ရှိသော ပရဟိတအသင်း ၃၈ သင်း ရှိကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း နှင့် တာဝန်ရှိသူများ၊  မြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းများ ကွန်ယက် ဂုဏ်ထူးဆောင် နာယက ဆရာတော်ကြီး ဦးဥက္ကံသ၊ မြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းများ ကွန်ယက်  ဥက္ကဋ္ဌ ဦးမျိုး‌ရွှေ  နှင့် ပရဟိတအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment