Pages

Pages

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဇူလိုင် ၂၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်း နိုင်ငံ သံအမတ်ကြီး H.E.Mr.Mongkol Visitstump နှင့်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် သတင်းမှန်များ ထုတ်ပြန်နိုင်ရေး၊ ယဉ်ကျေးမှု ကဏ္ဍနှင့် ခရီးသွားမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍသာမက ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက် နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ထိုင်းနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment