Pages

▼

Pages

▼

မြန်မာသံအမတ်ကြီးအား ဆော်ဒီအာရေဗျနိုင်ငံ သံတမန်များအဖွဲ့နာယက ဂျီဘူတီနိုင်ငံ သံအမတ်ကြီးက ဂုဏ်ပြုနှုတ်ဆက်သည့် ဧည့်ခံပွဲသို့တက်ရောက်




ရီရတ်ဒ်၊ ဇူလိုင် ၁၄

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာသံအမတ်ကြီး ဦးတင်ယု နှင့် လက်ဘနွန်နိုင်ငံ သံအမတ်ကြီး H.E Dr. Fawzi Kabbara တို့အား ဆော်ဒီအာရေဗျနိုင်ငံ သံတမန်များအဖွဲ့ နာယက ဂျီဘူတီနိုင်ငံ သံအမတ်ကြီး H.E Mr. Dya Eddine Said Bamarhrama က ဂုဏ်ပြုနှုတ်ဆက်သည့် ဧည့်ခံပွဲကို ၁၃-၇-၂၀၂၅ ရက်နေ့ ၁၂ ၃၀ နာရီတွင် ရီရတ်ဒ်မြို့ သံတမန်ရပ်ကွက်ရှိ Cultural Palace ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးတင်ယု ပါဝင်တက်ရောက်ခဲ့သည်။  

အဆိုပါဧည့်ခံပွဲသို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ GCC အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများအပါအဝင် ရီရတ်ဒ်မြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီး နှင့် သံရုံးယာယီတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ပြီး၊ ဆော်ဒီ အာရေဗျနိုင်ငံ သံတမန်များအဖွဲ့နာယက ဂျီဘူတီနိုင်ငံ သံအမတ်ကြီး H.E Dya Eddine Said Bamarhrama က မြန်မာသံအမတ်ကြီး ဦးတင်ယု နှင့် လက်ဘနွန်နိုင်ငံ သံအမတ်ကြီး H.E Dr. Fawzi Kabbara တို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး၊ အပြန်အလှန် ဆုတောင်းစကားများ ပြောကြားခဲ့ကြသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment