Pages

Pages

ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံစုံနှင် မိုးကြိုသီးနှံစုံ လျာထားဧကထက်(၁၈၁)ဧက ပိုမိုစိုက်ပျိုးနိုင်





ကျောက်ဆည် ၊ ဇူလိုင် ၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုနှစ် နွေသီးနှံစုံနှင့် ၂၀၂၅-၂၀၂၆ခုနှစ်   မိုးကြိုသီးနှံစုံ (၅၂၅၃၄)ဧက စိုက်ပျိုးရန်လျာထားသော်လည်း (၅၂၇၁၅))ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထား ဧကထက်(၁၈၁)ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်မြေ စာရင်းဦးစီးဌာနမှ သိရသည်။


ထိုသို့ သီးနှံမျိုးစုံလျာထားစိုက်ပျိုးရာ၌ နွေစပါး(၁၉၉၈၀)ဧက၊  နွေနှမ်း(၂၉၀၀၀)ဧက၊ မိုးကြိုပဲတီစိမ်း (၃၄၆၉)ဧက၊ မိုးကြိုချည်မျှင်ရှည်ဝါ(၈၅)ဧက စုစုပေါင်း (၅၂၅၃၄)ဧက စိုက်ပျိုးရန်လျာထားခဲ့သော် လည်း ၂၀၂၅ ခုနှစ်ဧပြီလကုန်အထိ အမှန်စိုက်ပျိုးနိုင်သည့်ဧကမှာ နွေစပါး(၄၉၃၂)ဧက၊ နွေနှမ်း (၄၄၂၀၆)ဧက၊ မိုးကြို ပဲတီစိမ်း(၃၂၉၆)ဧက၊ မိုးကြိုငရုပ်(၁၀၃)ဧက၊ မိုးကြိုချည်မျှင်ရှည်ဝါ(၁၀၀)ဧက၊ ဟင်းသီးဟင်ရွက်(၂၂)ဧက၊ မိုးနေကြာ(၆)ဧက ကျွဲနွားစာ(၅၀)ဧက စုစုပေါင်း(၅၂၇၁၅)ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထားဧကထက် (၁၈၁)ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် လျာထားသီးနှံများ ပြည့်မီကျော်လွန်စွာစိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့်ပူးပေါင်း၍ စိုက်လျက်ရှိကြောင်းနှင့် စိုက်ပျိုးသီးနှံများအောင်မြင်စေရေး မျိုးနယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့်မျိုးများဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များနှင့် အသိပညာပေးဆောင်ရွက်ခြင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)


https://t.me/MyanmarNationalPost

No comments:

Post a Comment